မြန်မာ ရိုဟင်ဂျာ(ဘင်္ဂါလီ) နှင့် အခြား ရိုဟင်ဂျာ(ဘင်္ဂါလီ) ကွာခြားမှုများ

ဒီလိုမြန်မာသမိုင်း တရပ်နဲ့ စပ် ဆိုင်တဲ့၊ မှတ်စု တွေရေးနေရင်း၊ မန္တလေး တက္ကသိုလ်က၊ သမိုင်းပါမောက္ခ ဆရာကြီး ဒေါက်တာ သန်းထွန်း ပြော ခဲ့ဘူး တာတခု အမှတ်ရမိတယ်။ ကိုယ့်ဆရာရင်း တော့ မဟုတ်ပါ။ ကိုယ်က ရူပဗေဒ နဲ့ ၊ သိပ္ပံတွဲ ယူခဲ့တော့၊ အလယ်တန်းကျောင်း ကတည်းက၊ သမိုင်းဘာသာနဲ့  ကင်းကွာခဲ့ တဲ့ လူပါ။ ဒါပေမဲ့ မြန်မာတို့  ဓလေ့မှာက၊ ကြားဆရာ၊ သင်ဆရာ၊ မြင်ဆရာ၊ ဆိုတော့၊ ကိုယ့်ရဲ့  ကြားဆရာ တဦး ပဲ ပေါ့။ ဆရာကြီးက၊ သူ့  တပည့် တွေကို ၊ ဘာအတွက် ကြောင့်၊ သမိုင်း ကို လူတွေ သိသင့်၊ လေ့လာသင့်သလဲဆိုရင်၊ “အလိမ်မခံရ” အောင်၊ မ“အ” အောင် လို့ ဆိုခဲ့ပါတယ်။ စေ့စေ့စပ်စပ် တွေးကြည့် ရင်၊ ဒီစကား တရပ်ဟာ၊ တကယ်ကို မှန်ကန်ပါတယ်။ မြန်မာနိင်ငံရေး သမိုင်းနဲ့  စပ်ဆောင်လိုက်ရင် တော့၊ သွေးထွက်အောင် ကို မှန်ပါလိမ္မည်။

ပထမဦးစွာ၊ စကားပလ္လင် ခံလိုတာ ကတော့၊ ရိုဟင်ဂျာဆို တာဟာ မြန်မာ တိုင်းရင်းသား လူမျိုးစု တခုလား ဆိုတဲ့ မေးခွန်း၊ “ ရီုဟင်ဂျာ” ဆိုတဲ့ စကားလုံး ကိုရော ဘယ် သူ ကစခဲ့သလဲ၊ ဘယ်လိုစခဲ့သလဲ စသည်တို့  ကို နောင်မှ ဖြေလိုပါတယ်။ လောလောဆယ် တင်ပြလို တဲ့၊ အချက်ကတော့ ရိုဟင်ဂျာ လို့  ဆိုလိုက်တိုင်း ရခိုင်တိုင်း မြန်မာပြည် ကနေ လာတယ် ဆိုပြိး၊ မသိနားမလည်သူတွေ ကို ဇွတ်အတင်း ငြင်း ဆို ပြနေတဲ့ ကိစ္စ တရပ် ကို အရေးထား ရှင်းလင်း သွား လိုပါတယ်။ ကြည့်ရတာကတော့၊ ပါကစ္စတန် နဲ့  ဘင်္ဂလာဒေရှ့်  နိင်ငံ အစိုးရ နှစ်ရပ် စလုံး ကလည်း ဒီကိစ္စမှာ ဇဝေဇဝါ ရှိနေကြပုံ ရပါတယ်။ တဖန် ဒီကိစ္စဟာ မြန်မာပြည် ကိုလိုနီခေတ် အပါအဝင် လွပ်လပ်ရေး သမိုင်း နဲ့  လဲပဲ တိုက်ရိုက် ဆက်စပ် နေ တာ ကြောင့်၊ မြန်မာ ပြည်တွင်း လေ့လာသူများ အကျိုး ရှိနိင်အောင် လဲ သမိုင်းဝင် စာတမ်း တွေကို တတ်နိင်သမျှ စုစည်း တင်ပြ ထားပါတယ်။

ဒီတင်ပြချက် မှာ အဓိက ရည်ရွယ် ထား တာ ကတော့၊ ရိုဟင်ဂျာ (သို့ ) ဘင်္ဂါလီ အမည်ခံ အငြင်းပွား မှု ကို ရှေ့ တန်းမတင် ထားပဲ၊ ပထမဦးစွာ၊ မြန်မာပြည်နဲ့  သက်ဆိုင် နိင်သည့် ၄င်း ရိုဟင်ဂျာ (သို့ ) ဘင်္ဂါလီ အုပ်စု သည် မည်သူများ ဖြစ်သည် ကို ခန့် မှန်း နိင်စေရန် ဖြစ်ပါသည်။

ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အပြီး ၁၈၂၄ ခုနှစ် နောက်ပိုင်း ဘင်္ဂါလီ ရွှေ့ ပြောင်း နေထိုင်မှုများ။

အင်္ဂလိပ်-မြန်မာ ပထမ စစ်ပွဲ အပြီး၊ အထူးသဖြင့် စူးအက်တူမြောင်း ဖောက်လုပ်အပြီး မှာ၊ စစ်တကောင်း နယ်က ဘင်္ဂါလီ လူမျိုး တွေဟာ၊ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ လက်ရှိ ဘူးသီးတောင်-မောင်းတော ဒေသများမှာ စတင် အခြေချ နေထိုင် ခဲ့ကြပါတယ်။ ဒီအချက် ကတော့၊ မြန်မာပြည်တွင်းရှိ လူတိုင်း လောက် က သာမန် အားဖြင့် လက်ခံ ထားတဲ့ ကိစ္စ တရပ်ပါ။ ဒီတုံးက လူဦးရေ နည်းပါးပြီး၊ စိုက်ပျိုးမြေ ကျယ်ဝန်းတဲ့ ရခိုင် ပြည်နယ်ကို၊ အင်္ဂလိပ် အစိုးရက ဦးစီး ဦးဆောင် လုပ်ပြီး၊ တဖက် နိင်ငံက စီးပွားရေး လုပ်ငန်းရှင် မြေရှင် တွေရော၊ ဘင်္ဂါလီ လယ်ယာလုပ်သားတွေ ရော ကိုပါ၊ ရွှေ့ ပြောင်း နေရာချစေ ခဲ့ပါတယ်။ နောက်ပိုင်း ဆယ်စုနှစ်များ အတွင်းမှာလည်း၊ ဆက်လက် အခြေချ နေထိုင်သူအများ အပျား ရှိခဲ့ ကြောင်း အင်္ဂလိပ် အစိုးရ မှတ်တမ်းများမှာ ဖေါ်ပြထားပါတယ်။

ဒီမှာ တခု ပြောလိုတာက၊ အင်္ဂလိပ် အစိုးရလက်အောက် မှာ၊ မြန်မာပြည်ကို အန္ဒိယပြည်ရဲ့  ပြည်နယ်ခွဲတခု အနေ နဲ့  ၁၉၃၅ အထိ အုပ်ချူပ်ခဲ့ပါတယ်။ ဒါကြောင့် အန္ဒိယပြည် ဖက်မှ ဝင်လာသူများ အတွက် အတားအဆီး မရှိပါ။ ဒီနောက်ပိုင်း ၁၉၄၈ လွပ်လပ်ရေး ရသည့် အထိ အန္ဒိယဖက်မှ မြန်မာပြည်သို့ တရားဝင်၊ အဆီးအတား မဲ့ ဝင်ရောက်နိင်ခွင့် ရှိခဲ့ပါတယ်။ ဒီအတွက်ကြောင့် ပင် ၊ လွပ်လပ်ရေး မရမှီ ၁၉၄၈ အထိ၊ အန္ဒိယပြည် မှ ရွေ့ ပြောင်းနေထိုင် သူများကို ၊ တရားဝင် နေထိုင်သူများ အဖြစ် သာ သတ်မှတ်ထား ပါတယ်။ မြန်မာ့လွပ်လပ်ရေး ပိသုကာကြီးများ ကိုယ်တိုင် ရေးဆွဲထားခဲ့တဲ့ ၁၉၄၇ ခုနှစ် မြန်မာနိင်ငံဆိုင်ရာ ဖွဲ့စည်းပုံ ဥပဒေ က လည်း၊ ဒီ ရွှေ့ပြောင်းပြီး နေရာထိုင်သား ကျနေ သူများ အတွက်၊ နိင်ငံသား ခံယူနိင်ခွင့် ကို အလေး ထားခဲ့ ပါတယ်။ ၄င်း တို့ဟာ ခိုးဝင်လာသူများ၊ တရားမဝင် ရွေ့ ပြောင်း နေထိုင် သူများ မဟုတ်ပါ ကြောင်း၊ သတိချပ်စေ လိုပါတယ်။

ရွေ့ ပြောင်း ကိစ္စ အငြင်းပွားမှု နှင့် သက်သေပြနိင်မှု ပြသနာ။

မြန်မာနိင်ငံ အတွင်းသို့ ၊ ၁၈၂၄ ခုနောက်ပိုင်း ဘင်္ဂါလီ များ ဝင်ရောက် လာမှု ကို၊ လက်ရှိ မြန်မာ အစိုးရ အပါအဝင်၊ ပြည်တွင်းရှိ နိင်ငံရေး အသိ ရှိသူတိုင်း လက်ခံ ထားပြီး ဖြစ်ပါတယ်။ ၁၉၉၁-၉၂ ဗိုလ်ချုပ်စောမောင် လက်ထက် ၄င်း ရိုဟင်းဂျာ-ဘင်္ဂါလီ များ တဖန်နှင်ထုတ်ပြီး ကာလ နောက်ပိုင်း၊ ကုလသမ္မဂ မှ ယင်း ကိစ္စ များကို ပိုမို အရေးယူ ဆောင်ရွက်မှု နှင့် နိင်ငံတကာမှ မေးမြန်း စုံစမ်း မှု များ ရှိလာပါတယ်။ ဒီအတွက်လည်း အစိုးရပိုင်းမှ သမိုင်းဆိုင်ရာ အချက်အလက်များ စုဆောင်း ရှာဖွေခဲ့ဟန် ရှိပါတယ်။ ဥပမာ၊ ၂၀၀၉ တွင်၊ မြန်မာနိင်ငံတွင်း မှတ်တမ်းများ သာ ကိုးကား ဖေါ်ပြထားသည့်၊ ဦးမြင်သိန်း ရေးသားသည့် “ရခိုင်ဒေသ အတွင်းသို့  မွတ်ဆလင် များ ဝင်ရောက်လာခြင်းနှင့် နိင်ငံရေး လှုပ်ရှားမှု အဆင့်ဆင့်” စာတမ်းတွင်၊ ကိုလိုနီခေတ်ဦး ၁၈၂၄ နောက် ပိုင်း ရခိုင်ဒေသသို့  ဘင်္ဂါလီ လုပ်သားများ ပြောင်းရွေ့ နေထိုင်လာမှုများကို စုစည်း တင်ပြထားပါသည်။(www.netipr.org/policy/downloads/20090321-U-Myint-Thein-Arakan-Report.pdf)

သို့ရာတွင်၊ ၄င်း ရိုဟင်ဂျာ-ဘင်္ဂါလီ အရေး လှုပ်ရှားသူ ပညာတတ်ပိုင်းမှ၊ ယင်းတို့အနေဖြင့် အေဒီ ၇၈၈ ခုနစ်မှ ရခိုင်ပြည်တွင် စတင် အခြေ ချခဲ့ကြောင်း၊ ယခုလက်ရှိ ရိုဟင်ဂျာ-ဘင်္ဂါလီ အားလုံးမှာ၊ ရခိုင်ပြည်တွင်း ယင်း ရှေးယခင် မှပင် အစဉ်အဆက် မွေးဖွားလာသူများသာ ဖြစ် ကြောင်း ဇွတ်ငြင်းဆိုမှုများ ရှိပါသည်။ ယင်းကဲ့သို့ မမှန်သမိုင်း တရပ်အား ရိုဟင်ဂျာ-ဘင်္ဂါလီ ပညာတတ်ပိုင်းမှ ဝါဒဖြန့်လာမှုကို၊ မြန်မာ နိင်ငံရေး အဖွဲ့အစည်းတိုင်း သေချာစွာ သတိပြုရပါမည်။ အထူး သတိချပ်ရန်မှာ၊ ယင်းကဲ့သို့ မမှန်သမိုင်း ဝါဒဖြန့်မှု တရပ်သည်၊ လွပ်လပ်စွာ ပြောရေးဆိုခွင့် အတွင်း အကျုံးဝင် သဖြင့်၊ တရားဝင် ပိတ်ပင် ၍ မရနိင် ကြောင်း။ မိမိဖက်မှ မှန်ကန် ခိုင်လုံသည့် သမိုင်း အထောက် အထား များဖြင့် သာ တုန့်ပြန်မှု ပြုရနိင် ကြောင်း တို့ ဖြစ်ပါသည်။ မြန်မာ ပညာရှင် များနှင့်တကွ လူထုလူတန်း စား အဖွဲ့အစည်း အသီးသီး မှလည်း ယင်း သမိုင်း တရပ် ကို နားလည် ဆည်းပူး ထားကြရမည် ဖြစ်ပါသည်။

ခိုင်မာသည့် သမိုင်းစာတမ်း တရပ်။

စာရေးသူ အနေနှင့်၊ ၄င်းကိစ္စ ကို ရိုဟင်ဂျာ-ဘင်္ဂါလီ ပညာတတ်ပိုင်း နှင့် တတ်နိင်သမျ အခြေတင် ဆွေးနွေး ခဲ့ဖူးပါသည်။ ယင်း ဆွေးနွေးချက် အနှစ်ချုပ်တို့ကို ဤစာတမ်းတွင် အကျဉ်းရုံး ဖေါ်ပြထား ရှိပါသည်။ (www.netipr.org/policy/downloads/arakan-migration-after-1824.pdf) ၄င်း တို့၏ ယျေဘူယ အတွေး အမြင်မှာ၊ မြန်မာနိင်ငံ လွပ်လပ်ရေး သမိုင်းကို မျက်ကွယ်ပြု လျက်၊ ရှေး ဘင်္ဂါလီ ရာဇဝင် ကို အဓိက စံပြု တွေးခေါ်ထားခြင်း ဖြစ်ပါသည်။ သို့ဖြစ် ၍ လက်ရှိ မြန်မာ လွပ်လပ်ရေး သမိုင်း၊ လက်ရှိ မြန်မာ အချုပ်အချာ အာဏာ တည်မြဲမှု၊ စသည် တို့ကို တိုက်ရိုက် ထိပါးလာသည့် သဘော ရှိပြီး၊ မြန်မာ တို့ အနေဖြင့် လုံးဝ လက်ခံနိင်ရန် အကြောင်း မရှိပါ။

ဘင်္ဂါလီများ ၁၈၂၄ ခုနောက်ပိုင်း ဝင်ရောက်လာမှုနှင့် ပတ်သက်၍၊ စာရေးသူအနေဖြင့် အထူးအလေးထား ညွှန်ပြလိုသည်မှာ ၁၈၃၄-၄၄ ခုနှစ်၊ အမေရိကန် ခရိယါန် နှစ်ချင်း သာသနာပြု ဆရာတော်ကြီး ဖြစ်သူ ကွန်စတော့ (Rev. G.S. Comstock) မှ ရခိုင်ပြည် အကြောင်း အသေးစိတ် မှတ်တမ်း တင် ထားသော စာတမ်း တခုပင်ဖြစ်ပါသည်။ (www.netipr.org/policy/downloads/18470101-JSTOR-notes-on-arakan.pdf) ကွန်စတော့ မှာ သာသနာပြု ဆရာတော်ကြီး ဖြစ်သည့် အားလျော်စွာ၊ အုပ်ချုပ်သူ အင်္ဂလိပ် များနင့် ဝင်ဆန့်ခြင်း၊ ဒေသခံ လူမျိုးစုများနှင့် ကျွမ်းဝင်ရန် ကြိုးစားခဲ့ခြင်း၊ ယင်း ဒေသခံ တို့ လူမှုဘဝ နှင့် ယဉ်ကျေးမှုဆိုင်ရာတို့ကို ၁၀ နှစ် တိုင် ရခိုင်ပြည်တွင် နေထိုင်၍ လေ့လာခြင်း၊ စသည့် အချက်များ မှန်းဆ၍ ရ နိင်ပါသည်။ သို့ဖြစ်၍ ယင်းစာတမ်းမှာ ခိုင်လုံသည့် အထောက်အထား တခု ဖြစ်ပါသည်။ ဆရာကြီး အနေဖြင့် မျက်မြင် တွေ့ခဲ့ရသည်မှာ ၁၈၄၂ ခုနှစ် လူဦးရေ စာရင်းများ အရ။


ရခိုင်ပြည် စုစုပေါင်း လူဦးရေ ၂၅၀၀၀၀
ရခိုင်မင်းများ ကျွှန်ပြု မွတ်ဆလင် ၂၀၀၀၀
ရွေ့ပြောင်း ဘင်္ဂါလီ မွတ်ဆလင် ၅၀၀၀

ဟူ၍ ဖေါ်ပြထားပါသည်။ ဤသည်မှာ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲပြီး ရခိုင်ပြည်နယ်တွင်း မွတ်ဆလင် ဦးရေ အများအပျား မရှိခဲ့ ကြောင်း။ ယင်း ကာလအတွင်း လယ်ယာလုပ်သား ဘင်္ဂါလီ မွတ်ဆလင် များ စတင် ရွှေ့ပြောင်းမှု ပြုလာကြောင်း၊ ခိုင်မာသည့် သမိုင်း အထောက်အထား တရပ်ပင် ဖြစ်ပါသည်။ ရခိုင်မင်းမျာ လက်ထက် မှ စတင်၍ ဘင်္ဂါလီ မွတ်ဆလင် ဘာသာဝင်များ ရှိခဲ့ကြောင်း ကိုလည်း၊

“ရခိုင်ဘုရင်လက်အောက်တွင်ရှိစဉ်က သုံ့ ပန်းအဖြစ် ဖမ်းဆီးခေါ်ယူလာသော မွတ်ဆလင်များ .......စစ်အတွင်း ရခိုင်ဗမာများ ဖမ်းလာသည့် ကျွန်များက ဆင်းသက်လာသူများဖြစ်သည်ဟုဆိုသည်။”(ဦးမြင့်သိန်း။ စာမျက်နာ ၃)

ယင်း ဆရာကြီး ကွန်စတော့၏ ခိုင်မာသည့် မှတ်တမ်း အထောက်အထား နှင့်၊ မြန်မာ တို့ လေ့လာသိရှိပြီး သမိုင်းကြောင်း ထပ်တူထပ်မျှ ရှိနေကြောင်း အထက် ဖေါ်ပြ ပါ ဦးမြင့်သိန်း ၏ စာတမ်းနှင့် နှိုင်းယှဉ် လေ့လာ၍ ကောက်ချက်ချနိင်ပါသည်။

အင်္ဂလိပ် အုပ်ချုပ်ရေး နှင့် စာရင်းဇယား တိကျမှု။

၁၈၂၄ ခုနှစ် နောက်ပိုင်း၊ ဗျိတိလျှ အစိုးရ မှ ၁၀ နှစ်တကြီမ်၊ လူဦးရေ စာရင်း ကောက်ခံမှုများ ပုံမှန် ပြုလုပ်ခဲ့ ပါသည်။ အင်္ဂလိပ် လူမျိုးတို့၏ အထူး ချီးမွမ်း အတုယူဖွယ် အလေ့စဉ်လာ တရပ်မှာ၊ ယင်းတို့ ဝန်ထမ်းများ ရောက်လေရာအရပ် တွင် မှတ်တမ်း ပြုလေ့ ရှိသည့် အပြင်၊ ယင်းမှတ်တမ်းများ ကို စနစ်တကျ သိမ်းဆည်း လေ့လာတတ်မှုပင် ဖြစ်ပါသည်။ ယင်း ရှေးခေတ် စာရင်းမှတ် တမ်း များကို ယခုအခါ၊ လန်ဒန်မြို့ မော်ကွန်းထိမ်း ဌာန စာကြည့် တိုက်များတွင် မည်သူမဆို လေ့လာခွင့် ရှိသဖြင့်၊ ယခုအခါ မူရင်း စာတမ်းများ ကို အင်တာနက် တွင် တွေ့ရှိလာနိင်ခဲ့ ပါသည်။ မြန်မာနိင်ငံ အတွက်၊ လူဦးရေ စာရင်း မှာ ၁၉၃၁ အထိ ဆက်တိုက် ရှိထား လေ့လာနိင်ပါသည်။

ရခိုင်ပြည်နယ် တွင်း၊ ဘင်္ဂါလီ ရွှေ့ပြောင်း အခြေချမှု ကို၊ ၁၉၃၉ ခု ၄င်း ဗျိတိလျှ အစိုးရ မှ စစ်တမ်း ထုတ်ထား ခဲ့ သည်ကိုလည်း တွေ့ရှိရပါသည်။ ယင်း စုံစမ်းမှု စာတမ်းမှာ ၁၉၃၀ ခု နောက်ပိုင်း၊ ကုလား-ဗမာ အထိဂရုံး များ အပြီး၊ အင်္ဂလိပ် အစိုးရ မှ မြန်မာနိင်ငံတွင်း အန္ဒိယ လူမျိုးများ ဝင်ရောက်နေထိုင်လာမှု ကို စစ်ဆေးခြင်း ဖြစ်ပါသည်။ ၄င်း စာရင်းဇယား များကို လေ့လာပါက ၁၈၂၄ ခုနစ်မှစ၍ ဘင်္ဂါလီ လုပ်သားများ ရွှေ့ပြောင်း နေထိုင်လာမှုများကို အဆက်မပြတ် မှတ်တမ်း တင်ထားခဲ့သည် ကို တွေ့ရပါသည်။

ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း နှင့် လွပ်လပ်ရေး ရရှိပြီး ကာလများ အတွက်၊ ၄င်း ရိုဟင်ဂျာ-ဘင်္ဂါလီ လူမျိုးစု၏ လူဦးရေ တိုးတက်မှု များကို မူ၊ လက်ရှိ မြန်မာ အစိုးရ၏ စာရင်းဇယား များ ကို အခြေခံ တွက်ချက် ရယူနိင်ခဲ့ပါသည်။ (www.netipr.org/policy/downloads/profile-of-community.pdf) ယင်း တွက်ချက်ရ စာရင်း အပါအဝင်၊ အခြားသုတေသန စာတမ်း များမှ ကိုးကား ချက် များအရ အောက် ပါအတိုင်း သုံးသပ်ရရှိပါသည်။


(၁) မြန်မာနိင်ငံ၏ ပထမဆုံး လူဦးရေ သန်းခေါင်စာရင်း ကောက်ယူသည့် ၁၉၅၃-၁၉၅၆ နှစ်များ အတွင်း၊ ရခိုင်ပြည်နယ် အတွင်း ၄င်း ရိုဟင်ဂျာ-ဘင်္ဂါလီ ဦးရေ ၃၀၀၀၀၀ ခန့်ရှိပြီး၊ ယင်းတို့အား ပြည်ပနိင်ငံ သားများ အဖြစ်သာ သတ်မှတ်ထားခဲ့ သည်။ အထူးသဖြင့်၊ ယင်း တို့ သည် ၁၉၅၆ ခု မဲပေးစာရင်းတွင် မပါဝင်ခဲ့ပေ။
(၂) ၁၉၇၃ နှင့် ၁၉၈၃ လူဦးရေ သန်းခေါင်စာရင်း များ တွင်၊ ၄င်း တို့အား နိင်ငံခြားသား များ အဖြစ်သာ သတ်မှတ်ထားခဲ့ သည်။
(၃) ၁၉၅၃-၁၉၅၆ သန်းခေါင်စာရင်း ကောက်ယူမှု များတွင်၊ ရခိုင် ပြည်နယ် တွင်း မငြိမ်သက် မှုများ ရှိခဲ့ပြီး၊ လူဦးရေ ၁၇၆၀၀၀ ခန့်အား ပါကစ္စတန် နိင်ငံသားများ အဖြစ် မှားယွင်း သတ်မှတ် နိင်ဘွယ် အကြောင်း ရှိသည်။
(၄) ဗျိတိလျ လက်အောက် ၁၉၃၁ မှ လွပ်လပ်ရေးရပြီး ၁၉၅၃ အထိ နှစ် ၂၀ အတွင်း ဝင်ရောက်လာသူဦးရေ ၇၄၀၀၀ ရှိနိင်ပြီး၊ ယင်း မှာ တနစ် အတွင်း ၄၀၀၀ နီးပါး ပြောင်းရွှေ့ နေထိုင်လာမှုနှင့် ညီမျှ သည်။

အထက်ပါ စာတမ်း တွက်ချက်မှုအရ၊ လက်ရှိ ယာယီမှတ်ပုံ ( white card ) ကိုင်ဆောင်သူ ရီုဟင်ဂျာ-ဘင်္ဂါလီ များ အတွင်း၊ ခိုးဝင်-စီမ့်ဝင် သူများ မရှိနိင်ကြောင်း သက်သေပြလျက် ရှိပါသည်။ သို့ဖြစ်၍ မြန်မာနိင်ငံ အနေဖြင့်၊ အဓိက တာဝန်ရှိသည် မှာ ၄င်း ယာယီမှတ်ပုံ ( white card ) ကိုင်ဆောင်သူများ အတွက် သာ ဖြစ် ပေသည်။ ဆိုလိုသည်မှာ၊ ရီုဟင်ဂျာ ဟု ဆိုတိုင်း မြန်မာပြည်မှ မဟုတ် နိင်ကြောင်း၊ ယင်း ယာယီမှတ်ပုံ ( white card ) ကိုင်ဆောင်သူများ သာလျင် မြန်မာပြည်မှ ဖြစ်ကြောင်း သတိချပ်ရပေမည်။

ယင်းတဖန်လည်း၊ မြန်မာ အစိုးရ နှင့် တကွ ပြည်သူ့လွတ်တော် မှ ဤ ယာယီ မှတ်ပုံတင် ကိုင်ဆောင် သူများ အတွက်၊ နိင်ငံရေး ရပ်တည်ချက် တရပ် ရှိရ ပေမည်။ ယင်း ရိုဟင်ဂျာ-ဘင်္ဂါလီ များ မှာ ဘိုးဘေး လက်ထက် မှ မြန်မာပြည်တွင် နေထိုင်သူများ ဖြစ်ကြရကား၊ တိုင်းရင်းသား ပင် မဖြစ်နိင်စေကာမူ၊ နိင်ငံသား အဖြစ် အသိအမှတ် ပြုနိင်ကြရပေမည်။ နိင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့်၊ ၄င်း ယာယီ မှတ်ပုံတင် ကိုင်ဆောင် သူများ အား၊ ၁၉၈၂ ခု နိင်ငံသားပြုမှုဥပဒေ အရ၊ သင့်လျော်သည့် နိင်ငံသား မှတ်ပုံတင် ပေးအပ်မှု ကို၊ အထူး အလိုရှိကြပေသည်။

ဆက်လက်ဖြန့်ဝေပေးကြပါရန်။
ဦးနေဦး။ ဆစ်ဒနီ။
(ပထမပိုင်း။ https://www.facebook.com/netipr.netipr/posts/1597725743831495 )